လှည်းကူးမြို့နယ်၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး

လှည်းကူး ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၌ လာရောက်ရောင်းချပေးကြောင်း သိရသည်။

ထိုသို့ရောင်ချပေးရာတွင် ဆန် ချော(၁)ပြည် ၁၇၀၀ကျပ်နှုန်းဖြင့် (၇၅)အိတ်၊ ဆန်ကြမ်း(၁)ပြည် ၁၀၀၀ကျပ်နှုန်းဖြင့် (၇၅)အိတ်၊ ဆီ(၅၀)ကျပ်သား တစ်ဘူးလျှင် ၂၇၀၀ကျပ်နှုန်းဖြင့် ဘူး(၂၀၀) ကြက်ဥ ၁၀လုံးကတ် (၁)ကတ်လျှင် ၁၇၀၀ကျပ်နှုန်းဖြင့် (၂၀)ကတ်တို့ ရပ်ကွက်နေ ပြည်သူများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်

ဈေးရောင်းချရာတွင် အဆင်ပြေချောမွေ့စေရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေး ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 အေးအေးနွဲ့