လှည်းကူးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိကာယ်ငါးရပ်စာမေးပွဲစတင်ဖြေဆို

လှည်းကူး ဇွန် ၈

ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်သြဝါဒစရိယဆရာတော်ကြီးများ ကြီးကြပ်ကာ နိကာယ်ငါးရပ်စာမေးပွဲကို ယမန်နေ့မွန်းလွဲ()နာရီတွင် လှည်းကူးမြို့စစ်ကိုင်းကျောင်းတိုက်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် စတင်ဖြေဆိုကြောင်းသိရသည်။

လှည်းကူးမြို့နယ်အတွင်း နိကာယ်ငါးရပ်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် သံဃာတော်၊ သီလရှင်စာရင်းရှိ(၁၃၄)ပါးရှိပြီး ပျက်ကွက်(၇၆)ပါး၊ ဝင်ရောက်ဖြေဆိုသည့်သံဃာပေါင်း(၅၈)ပါးတို့ ၀င်‌ရောက်ဖြေဆိုကြပြီး ယနေ့ ဇွန်လ(၇)ရက်နေ့မှ(၁၁)ရက်နေ့အထိ ငါးရက်ကြာစာမေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနကသိရသည်

အဆိုပါနိကာယ်ငါးရပ်စာမေးပွဲဖြေဆိုကြသည့် သံဃာတော်များ၊ သီလရှင်များအဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးနှင့် ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စအဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သာသနာရေးဦးစီးဌာနတို့မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်

အေးအေးနွဲ့ (ပြန်/ဆက်)