ရမည်းသင်း ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၂ခုနှစ်(တတိယ)အကြိမ် မြန်မာနိုင်ငံစာရေးဆရာအသင်း ညီလာခံအတွေ့အကြုံရှင်း လင်းပွဲကို ဇွန် ၇ ရက် မွန်းလွဲ၁နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးငွေသိန်းက အမှာစကာစကားပြော ကြားပြီး၂၀၂၂ခုနှစ်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းညီလာခံကို ရမည်းသင်းမြို့နယ် ကိုယ်စားပြု တက်ရောက်ခဲ့သည့် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ဦးမျိုးလွင်ကအတွေ့အကြုံများ ရှင်းလင်းပြောကြားပြီး ညီလာခံမှချမှတ်သည့် စည်းကမ်းချက်များကို ဖတ်ကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ရမည်းသင်းမြို့နယ် စာရေးအသင်းအဖွဲ့ဝင် ဒေါ်စန်းစန်း၊ ဦးအောင်ဝင်း၊ ဒေါ်ခင်မြတ်မွန်နှင့် ဦးတင်ဦးတို့က ညီလာခံအတွေ့အကြုံ၏ သိရှိလိုသည်များကို မေးမြန်းရာဦးမျိုးလွင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)