မလှိုင် ဇွန် ၇
မလှိုင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းစွာဖြင့်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် မြို့ နယ်ပညာရေးမှူးရုံးမှ သိရသည်။
မလှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ်တွင် အထက(၈)ကျောင်း၊ အထကခွဲ(၂၃)ကျောင်း၊ အလက(၁၄)ကျောင်း၊ အလကခွဲ(၆)ကျောင်း၊ မူလတန်းလွန်(၂၀)ကျောင်း၊ မူလတန်း(၁၁၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅)ကျောင်း၊ ကိုယ်ပိုင်အ ထက်တန်းကျောင်း(၈)ကျောင်း ဖွင့်လှစ်ထားပြီး အထက်တန်းအဆင့် (၁၉၇၄)ဦး၊ အလယ်တန်းအဆင့်(၅၀၉၈)ဦး၊ မူလတန်းအဆင့် (၁၄၀၅၁)ဦး၊ စုစုပေါင်းကျောင်းသား/သူ(၂၁၁၂၃)ဦး အေးချမ်းစွာဖြင့် ပညာသင်ကြားလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ပါ“တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မာရေး”ချမှတ်ထားသည့် ဦးတည်ချက်အတိုင်း အခြေခံပညာကျောင်းများတွင် အေးချမ်းစွာပညာသင်ရေးနှင့် လုံခြုံမှုကျိုးပေါက်မှုမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် နေ့၊ညမပြတ် လုံခြုံရေးအစီအမံအတိုင်း ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သော ကျောင်းသား/သူများ ရာနှုန်းပြည့်ထိုးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)