ပြင်ဦးလွင်မြို့တွင်   အသက်( ၈၅ ) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲကျင်းပ  

ပြင်ဦးလွင် ဇွန်     

မန္တလေးတိုင်းဒေသကြီး   ပြင်ဉီးလွင်မြို့တွင်  အသက် ( ၈၅ ) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက  ရပ်ကွက်ကြီး()ရှိ စုပေါင်းရုံး ခန်းမဆောင်၌ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမြို့နယ်အလိုက်တာဝန်ခံများ တက်ရောက်ကြသည်။

ရှေးဉီးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးတင်အောင်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး  ပြင်ဉီးလွင်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိ ယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးမှ အသက်( ၈၅ )နှစ်နှင့်အထက်ဘိုးဘွားများအား  လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပရခြင်းနှင့် ပတ်သတ်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။   

၂၀၂၂ - ၂၀၂၃  ခု ဘဏ္ဍာရေးနှစ် ပထမ()လပတ်  လူမှုရေးပင်စင်ထောက်ပံ့ငွေအဖြစ် ပြင်ဦးလွင်ခရိုင်အတွင်းရှိ  ပြင်ဦးလွင် မတ္တရာ ဉ့်ကူး သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်တို့ရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုး(၁၁၇၈) ဦးနှင့် အဘွား(၂၅၃၅ ) ဦး၊ စုစုပေါင်း (၃၇၁၃ )ဦးတို့အား () ဦးလျှင်( ၃၀၀၀၀) ကျပ်နှုန်းတို့ဖြင့် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက သက်ဆိုင်ရာတာဝန်ခံများသို့ အသီးသီးပေး အပ်ခဲ့ကြောင်း သိရသည်

 ခရိုင် ( ပြန်/ဆက် )