နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပျဉ်းမနား  ဇွန်  ၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကို ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ ဇွန်လ(၂)ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ ကြရာ နေပြည်တော်အတွင်းရှိမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ ပြီး ယနေ့နံနက်ပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက် ရောက်ကြည့်ရှုအားပေးကြသည်။ရှေးဦးစွာ ဗိုလ်လုပွဲကို တပ်ကုန်းမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တပ်ကုန်းမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ရှေးဦးစွာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက အသီးသီးလက်ခံရယူကြသည်။

ထို့နောက် တတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား နေပြည်တော်ကောင် စီအဖွဲ့ဝင် ဦးဇေယျာလင်းမှလည်ကောင်း၊ ဒုတိယဆုရရှိသည့် ဇမ္ဗူသီရိမြို့အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှလည်ကောင်း၊ ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ် အသင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်ကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပထမဆု ရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် နေပြည်တော်ကောင်စီမှ ချီးမြှင့် ငွေကျပ် (၂၁၀၀၀ဝိ/-)ကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်ဖြိုး(ပြန်/ဆက်)