ရှမ်းရွာသစ်မြို့တွင် လမ်းဘေးဝဲယာကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း (၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ် ဇွန် ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှဘဏ္ဍာနှစ်အလိုက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လမ်းဘေးဝဲယာကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို မေလပထမပတ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၅၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ အရှည်(၄၇၀)မီတာရှိ လမ်းဘေးဝဲယာ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ်(၆၂.၄)သန်းဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် (၅၀)ရာနှုန်းခန့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ အရည်အသွေးပြည့်မီရေးအတွက် စနစ်တကျကြီးကြပ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ရေနှုတ်မြောင်းများလည်း ရေစီးရေလာကောင်းမွန်ပြီး မြို့တွင်းသန့်ရှင်းသာယာလှပ၍ အဆင်ပြေသွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)