လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများ၌ ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

လားရှိး  ဇွန်

လားရှိုးမြို့ အခြေခံပညာကျောင်းများ၌ဇွန်လ(၇)ရက်နေ့က အသက်(၅)နှစ်မှ (၁၂)ကြားရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဇွန်လ(၇)ရက် နံနက်(၉)နာရီအချိန်ကစတင်ကာ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုး အထူးအဖွဲ့များက လားရှိုးမြို့အထကခွဲ (၉)၊ အလက(၁၀)၊ အလက(လေ့ကျင့်ရေး)၊ အလကခွဲ (၂)၊ အလကခွဲ(၄) အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများ၌ အသက်(၅) နှစ်မှ (၁၂)ကြားရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ထို့ပြင် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး၌လည်း ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီး၍  (၃)လ ပြည့်ပြီးသူများကိုလည်း  Booster Dose ကိုလည်း ဆက်လက်ထိုးနှံပေး လျက်ရှိနေကြောင်းသိရသည်။

အဆိုပါ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ခရိုင်အဆင့် ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၊ မြို့နယ်အဆင့် ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီတို့၏စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)