နမ့်ဆန်မြို့နယ်၌ သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

နမ့်ဆန် ဇွန်  ၇

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊   နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နေ့လည် (၁)နာရီအချိန် ကသွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ  အသိပညာပေးဆွေးနွေးပွဲ   (Talk Show)  တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက မိုးရာသီရောက်ရှိလာ၍ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းမှကာကွယ်နိုင်ရန် (Talk Show)  ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဦးခင်မောင်က  မိုးရာသီအချိန်ခါတွင် ကလေးများတွင် သွေးလွန်တုပ်ကွေးရောဂေါ အဖြစ်များကြောင်း ပေါ့ပေါ့ဆဆမနေဘဲ ကာကွယ်ရမည့်နည်းလမ်း၊ ရောဂါလက္ခဏာ အကြောင်းအရာများ သွေးလွန် တုပ်ကွေးရောဂါ စတင်ဖြစ်ပွားသည့် ခြင်အန္တရာယ်မှကာကွယ်ရေးအတွက် ကလေးငယ်များရှိသည့်   အိမ်တိုင်းတွင် ပိုးလောက်လန်းကင်းစင်ရန် ဘုရားပန်းအိုးများရေလဲလှယ်ပေးခြင်း၊ ရေစည်ရေအိုးများတွင် အဘိတ်ဆေးခတ်ခြင်းနှင့်ဖုံး၊ သွန်၊ လဲ၊ စစ် ဆိုသည့်    စကားနှင့်အညီ မိခင်တိုင်း လိုက်နာဆောင်ရွက်ကြရန်၊ သွေးလွန်တုပ်ကွေးဖြစ်ပွားနိုင်သည့် ကလေးများ၏အသက်အရွယ်၊ သွေးလွန်တုပ်ကွေးလက္ခဏာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားကြောင်း သိရသည်။

အဆိုပါ  အသိပညာပေး Talk Show ကို နမ့်ဆန်ဒေသ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်ကြက်ခြေနီအဖွဲ့တို့ပူးပေါင်း၍ ပြည်သူလူထုကို အသိပညာပေးကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)