မိုးကုတ်မြို့ (Community Centre)ခန်းမ၌ ရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲကျင်းပပြုလုပ်

မိုးကုတ် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်များ နွေရာသီအားလပ်ရက်တွင် အချိန်ကို အကျိုးရှိအောင်အသုံးချတတ်စေရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ() နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်ကသင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ( တာဝန်ပေး) ဒေါ်နန်းခွာညိုနှင်းက ကျေးဇူးတင်အမှာစကားပြောကြားခြင်း၊ မြို့နယ်ကြက် ခြေနီအသင်းဥက္ကဋ္ဌဒေါက်တာအောင်မြင့်က သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်ဦးက ကျေးဇူးတင်အမှာစကားပြောကြားခြင်းများ ပြောကြားပါသည်။ ဆက်လက်ပြီး ဆုရသင်တန်းသား/သူများအား ဂုဏ်ပြုလက်ဆောင်များချီးမြင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအားပေး အပ်ချီးမြှင့်ပါသည်။ ထို့ နောက် တက်ရောက်လာသူများနှင့် သင်တန်းသား/သူများမှ မှတ်တမ်းဓာတ်ပုံရိုက်ကူး၍ သင်တန်းအားအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

နန်းခွာညိုနှင်း(ပြန်/ဆက်)