မြောက်ဥက္ကလာပ ဇွန် ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်များကို ပိုမိုအသုံးချတတ်လာပြီး စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာဗဟုသုတများမြှင့်မားလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပြပွဲတွင်အသိပညာ ဗဟုသုတများစွာရရှိစေမည့် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မြို့နယ်လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းပုံများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများ လျှပ်စစ်ဓါတ်အား ခြိုးခြံချွေတာရေးနှင့် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာများစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ဒေသခံပြည်သူများက စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှလှထွေး