ကျိုက်ဒုံ ဇွန် ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက ဟောင်သရောခန်းမ၌ ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများ၊ တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့(အ.ထ.က)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၃၉၇)ဦးရှိပြီး ယနေ့နံနက်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၂၄၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသေးသည့် ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ထိုးနှံမှုများ ဆောင်ရွက်သွားမည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနံကြမည့် ကျောင်းသားကျောင်းသူများအား မြို့အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ တာဝန်ရှိသူများမှ သွေးပေါင်ချိန်ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်