ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ဥတ္တရသီရိ              ဇွန်        ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၁ နာရီက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk  Show ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးနှင့် နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ ၊ ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ သတ်မှတ်ထားသည့်ဆောင်ပုဒ်၊ ရည်ရွယ်ချက်နှင့်အဓိပ္ပါယ်များ၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများဖြစ်ပေါ်ရသည့် အဓိကအကြောင်းရင်းများ၊ ကမ္ဘာမြေကြီးသန့်ရှင်းသာယာပြီး ရေရှည်တည်တံ့နိုင်စေဖို့ လူသားတစ်ဦး တစ်ယောက်ချင်းစီအနေဖြင့် လိုက်နာဆောင်ရွက်ကြရမည့်အချက်များ၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြုလုပ်မည့် အထိမ်းအမှတ်လှုပ်ရှားမှုအစီအစဉ်များစသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် Talk  Showများ၊ ဟောပြောပွဲများ၊ ပုံပြင်ပြောခြင်း အစီအစဉ်များစသည့် အသိပညာပေးလုပ်ငန်းများကို Online မှတဆင့် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)                                                                       

ဥတ္တရခရိုင်