အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ရောင်းချ

အလုံ  ဇွန် ၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ စီစဥ်မှုဖြင့် ယနေ့နံနက်(၈:၀၀)နာရီအချိန်က ဌာနာရပ်ကွက်၊ အလုံမြို့နယ်ခန်းမရှေ့တွင် အ​ခြေခံစား​သောက်ကုန်များဖြစ်သည့် ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။

ထို့သို့ရောင်းချပေးခဲ့ရာတွင် ကြက်တစ်ပိဿာ ၇၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ၂၂၀၀ဝ ကျပ်၊ အရိုးအသားတစ်ပိဿာ ၁၇၀၀ဝကျပ်၊ ကလီစာတစ်ပိဿာ  ၁၇၀၀ဝ ကျပ်၊ အမဲသား တစ်ပိဿာ ၁၂၀၀ဝ ကျပ်၊ ဝက်သားအဆီ အသားတစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ဝက်သားလှိုင်းသား /အသားရှယ် တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ နံရိုးတစ်ပိဿာ ၁၀၀၀ဝ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ  ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် စည်ပင်သာယာရေးဝန်ထမ်းများက စျေးလာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

တင်တင်ချို