ဇေယျာသီရိ ဇွန် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ မျိုးစပါးထောက်ပံ့ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ချက်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် လှပ်မြေမထားရှိပဲ စိုက်ပျိုးမြေများအားလုံး စိုက်ပျိုးနိုင်ရေး၊ သီးထပ်သီးနှံများပိုမိုစိုက်ပျိုးနိုင်ရေး၊ မိမိတို့အနေဖြင့်လည်း မြို့နယ်အတွင်းရှိ တောင်သူများအား လိုအပ်သည့်သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေးအတွက် ကွင်းဆင်းပြီး တောင်သူများနှင့်တွေ့ဆုံလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦစီးမှူး ဒေါ်မြမြလွင်က မျိုးစပါးထောက်ပံ့ပေးအပ်ခြင်း ရည်ရွယ်ချက်အားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးပြေသိန်းက မိမိတို့ဌာနမှ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အကြောင်းအရာများအားရှင်းလင်းပြောကြားခဲ့ပြီးနောက် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ တောင်သူများအတွက် တစ်ဧကလျှင်(၁) တင်းနှုန်းဖြင့် ဧက (၁၀၀) စာအတွက် မျိုးစပါးများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)