ဇမ္ဗူသီရိမြို့နယ်၌ “လူငယ်နဲ့ပညာရေးဆိုင်ရာအသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ ဇွန် ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက “လူငယ်နဲ့ပညာရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက “လူငယ်နဲ့ပညာရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က လူငယ်တွေ ပညာသင်ကြားဖို့ လိုအပ်ကြောင်း၊ ပညာတိုးပွားစေဖို့ လိုက်နာရမည့် အကြောင်းအရာများ၊ လူငယ်တွေအနေဖြင့် ပညာသင်ကြားခြင်းဟာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်တယ်လို့ ယူဆကြောင်းနှင့် ကျောင်းဖွင့်ချိန်ရောက်ပြီဖြစ်၍ ကျောင်းတက်ရောက်ပြီး ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများအား မှာကြားလိုသည့်အချက်များစသည့် အကြောင်းအရာများအား ပြည်သူများကို အသိပညာ ဗဟုသုတ ရရှိစေရန်အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ အားကစားလှုပ်ရှားမှုများစသည့် အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု TalK Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)