ခမောက်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များပြသ

ခမောက်ကြီး ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းကခမောက်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်း၌ နံရံကပ်ပြဘုတ်တွင် ပြသခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခမောက်ကြီးမြို့ရုံးမှ ဝန်ထမ်းများကကျောင်းသား၊ ကျောင်းသူများ ကမ္ဘာ့အထင် ကရနေ့ရက်အကြောင်း သိရှိစေရန် ပြုလုပ်ပေးခြင်းဖြစ်သည်။ ထိုနံရံကပ်ပြဘုတ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်များနှင့်သတ်မှတ်ချက်များ၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများနှင့် အကျိုးအပြစ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းလမ်းများအားအများပြည်သူသိရှိကြစေရန်၊ မိမိတို့ကမ္ဘာမြေကို ထိန်းသိမ်းတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဓာတ်ပုံများ၊ဆောင်းပါးများ ပါရှိပါ သည်။ အဆိုပါ နံရံကပ်ပြဘုတ်ကို  ကျောင်းသား ကျောင်းသူများ  စိတ်ဝင်တစားဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရူပါမြင့် (ခမောက်ကြီး)