နမ္မတူ ဇွန် ၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၌ မေလ (၂၇)ရက်နေ့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်တို့က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် မိုင်းတက်ကျေးရွာအုပ်စု၊ နားနောင်ကျေးရွာရှိ လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၉၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း လူနေအိမ် (၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၆၀၀၀၀)ကျပ်နှင့် လူဦးရေ (၁၈)ဦးတို့အတွက် ရက်သတ္တတစ်ပတ်စာ ဆန်ဖိုးရိက္ခာငွေ (၃၇၈၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၉၇၈၀၀)ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကောလိယလက်ဝယ်သို့ ပေးအပ် ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။
လူမော်(ပြန်/ဆက်)