တန့်ယန်း ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြား လျက်ရှိကြသည်။
အဆိုပါ ကျောင်းများဖွင့်လှစ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူတို့က အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများကို လှည့်လည်ကြည့်ရှုကြကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၅ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၂ ကျောင်း၊ မူလတန်းကျောင်း ၆၉ ကျောင်း၊ မူလတန်းကျောင်းခွဲ ၁၈ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၄ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂ ကျောင်း စုစုပေါင်း (၁၂၄)ကျောင်း ရှိကြောင်းနှင့် ဇွန်လ ၂ ရက်နေ့အထိ ကျောင်းသားကျောင်းသူ မူလတန်း အဆင့်တွင် ၁၁၆၈၃ ယောက်၊ အလယ်တန်းအဆင့်တွင် ၁၆၈၉ ယောက်၊ အထက်တန်းအဆင့်တွင် ၄၁၉ ယောက် စုစုပေါင်း (၁၃၇၉၁)ယောက် ပညာသင်ကြားလျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)