နွားထိုးကြီး ဇွန် ၃
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စိုက်ပျိုးရေးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝါသီးနှံ၊ နေကြာမျိုးသန့်အခမဲ့ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။
မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဝင်းမှ ဒေသအတွင်း စားသုံးဆီဖူလုံအောင်သုံးစွဲနိုင်ရန် မိုးနှောင်းချည်မျှင်ရှည်ဝါ (၅၇၀၄)ဧကနှင့်မိုးနေကြာ (၃၄၅၀) ဧကလျာထားပြီး ချည်မျှင်ရှည်ဝါအထူးဇုံ (၄၅၀)ဧကကျေးရွာအုပ်စု (၈)အုပ်စုမှ တောင်သူ (၂၁၉)ဦး၊ မျိုးစေ့ထုတ်(၆၆)ဧက၊ ကျေးရွာ အုပ်စု(၆)အုပ်စုမှ တောင်သူ(၃၃)ဦး၊ မိုးနေကြာသီးနှံ ဆင်းရွှေကြာ-၂ မျိုးစေ့ထုတ် (၅၀)ဧကအတွက် ကျေးအုပ်စု (၅)အုပ်စုမှ တောင်သူ (၂၀)ဦးတို့အား ဝါသီးနှံနှင့် မိုးနေကြာမျိုးသန့်များကို အခမဲ့ဖြန့်ဖြူးပေးခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်