နမ္မတူမြို့နယ် ရွှေမြင်သာဘုန်းတော်ကြီးကျောင်းရှိ သာမဏေများနှင့် သီလရှင်များအား ပထမအကြိမ် (Sinovac) အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး

နမ္မတူ ဇွန် ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ရွှေမြင်သာဘုန်းတော်ကြီးကျောင်းရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် (၁၅)နှစ်နှင့်အထက် သာမဏေများနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် (၁၅)နှစ်နှင့် အထက် သာမဏေ (၃၄)ပါး၊ သာသနာ့နွယ်ဝင် သီလရှင် (၃)ပါး စုစုပေါင်း (၃၇)ပါးအား (Sinovac) အမျိုးအစားကာကွယ်ဆေးတစ်လုံးလျှင် (၂)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှတို့က အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသည့်သာမဏေများ သီလရှင်များအား (၁၅)မိနစ်ခန့် အနားယူစေခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။           

လူမော် (ပြန်/ဆက်)