သုံးခွမြို့နယ်၌ နှာခေါင်းစည်း Mask (အခမဲ့) ဖြန့်ဝေခြင်း Mask Campaign ပြုလုပ်

သုံးခွ ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လမ်းသွားလမ်းလာ ပြည်သူများအား Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်း Mask Campaign ကို ယမန်နေ့နံနက် (၉)နာရီအချိန်က လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့‌သည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် လူစည်းကားရာ နေရာများဖြစ်သည့် မင်းရဲကျော်စွာ လမ်းမကြီးတစ်လျောက်တွင် ဈေးရောင်းဈေး၀ယ် ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေး၊ နှာခေါင်းစည်း Mask ကို အပြင်ထွက်တိုင်း တပ်ဆင်သည့် အ‌လေ့အကျင့်ရရှိစေရေးနှင့် အပြင်မှ ပြန်လာပြီးတိုင်း လက်ကိုမကြာခဏ ဆေးကြောစေရေးတို့အတွက် နှာခေါင်းစည်း Mask (၁၅၀၀‌) ကျော်ကို ဖြန့်‌ဝေ၍ Mask campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

Mask Campaign ပြုလုပ်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်း‌စောဝေနှင့်ဝန်ထမ်းများ၊ ကျန်းမာရေး ၀န်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စည်သူလင်း