အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

မန္တလေး  ဇွန် ၃

အခြေခံပညာကျောင်းများတွင် အေးချမ်းစွာပညာသင်ကြားနေသော အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုများကို ယမန်နေ့မွန်းလွဲ ၂နာရီက အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ယင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးအောင်၊ ဦးသိန်းဌေးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးတို့တွင် ကျောင်းများဖွင့်လှစ်ကာကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့်သင်ကြားလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဇွန်လ ၂ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ(၅၄၀,၀၀၀)ဦးကျော် (ငါးသိန်းလေး သောင်းကျော်)(၉၀ ဒသမ ၃၄ ရာခိုင်နှုန်း)တက်ရောက်လျက်ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်