ပုလော ဇွန် ၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှစတင်၍ဖွင့်လှစ်လျက်ရှိရာ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကိုသင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းဖြင့် ယမန်နေ့နံနက် ၁၀ နာရီတွင် ပုလောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်၌ အထက(၁၀) ကျောင်း၊ အထက-ခွဲ(၇)ကျောင်း၊ အလက (၈)ကျောင်း၊ အလက-ခွဲ(၁၅)ကျောင်း၊ မူလွန် (၂၃)ကျောင်း၊ အမက(၉၃)ကျောင်း၊ အမက-ခွဲ(၄)ကျောင်း စုစုပေါင်း (၁၆၀) ကျောင်းရှိကြောင်း၊ သက်ဆိုင်ရာဆေးထိုးအုပ်စုအလိုက် ကိုဗစ် ကာကွယ်ဆေးများထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။
အေးအေးမော်