ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပထမ၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေး

ကျောက်ဆည် ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ပထမအကြိမ် အသက်(၅)နှစ်မှ (၁၅)နှစ် ကျောင်းသား/ကျောင်းသူ (၁၉၃၀)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူ (၈၄၉၆)ဦး၊ အသက်(၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင်(၁၄၁၅)ဦး၊ အသက် (၁၈)နှစ်အထက်ပြည်သူ(၁၆၇၆၂၁)ဦး စုစုပေါင်း(၁၇၉၄၆၂)ဦးနှင့် ဒုတိယအကြိမ်တွင် (၁၅)နှစ် နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင်(၆၁၄)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူ (၈၁၃၉)ဦးနှင့် ပြည်သူ(၁၄၅၆၅၇)ဦး၊ စုစုပေါင်း(၁၅၄၄၁၀)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ(၁၃၄၅၂)ဦးအား ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရ သည်။

ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိပြီး အခြေခံပညာကျောင်း(၆၄)ကျောင်းနှင့် စုကြီးထန်းတောရပ်ကွက်၊ မြို့တော်ခန်းမ၊ စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ စသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ပထမအကြိမ်၊ ဒုတိဘအကြိမ် ကာကွယ်ဆေးများနှင့်ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)