ရွှေကူမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ထိုးနှံပေး

ရွှေကူ ဇွန် ၃

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူ မြို့နယ်ရှိ  အခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို ယနေ့နံနက် ၉ နာရီက စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ ကူညီဆောင်ရွက်မှု၊ ကျန်းမာရေးဦးစီးဌာန မြို့နယ် ဆရာဝန်ကြီး၏ အနီးကပ်ကြီးကြပ်တို့ဖြင့် အထက(၂)ကျောင်းတွင်  KG တန်းမှ Gread-5 အထိ ကျောင်းသား/သူများအား သက်ဆိုင်ရာအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ကို မိဘများ၏ သဘောတူညီမှုနှင့် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်ဗိုလ်မှူးကျော်မိုးသွင်၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေ၊ ဒုတိယပညာရေးမှူး ဦးဇော်မင်းထွန်း၊ ဆရာ၊ ဆရာမများက ကြည့်ရှု၍ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ အုပ်စုများအလိုက် သတ်မှတ်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ခင်ပပသိန်း( ပြန်/ဆက်)