ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ကြား

ဒဂုံဆိပ်ကမ်း ဇွန် ၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယမန်နေ့ နံနက်တွင် စတင်ဖွင့်လှစ်၍ ကျောင်းတက်ရောက်နေသူများ ပျော်ရွှင်စွာပညာသင်ကြား လျက်ရှိကြောင်းသိရသည်။ နိုင်ငံတော်အစိုးရ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျောင်းနေရွယ်ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိစေရေးအတွက် နိုင်ငံတော်မှ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ခဲတံ၊ ဘောပင်များကို အခမဲ့ ပေးအပ်မည်ဖြစ်ပြီး မူလတန်းကလေးများကို ကျောင်း၀တ်စုံများပါ အခမဲ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အခြေခံပညာကျောင်း (၁၉) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၉) ကျောင်းရှိပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာကျောင်းလာရောက် တက်‌ကြကြောင်းသတင်းရသည်။

ကျောင်းကိုပို့ရင်ငါတို့သား၊ သမီးလေးတွေ စာတတ်လာမယ်၊ လိမ်မာရေးခြားရှိလာမှာဘဲလို့ အားကိုးတကြီးကျောင်းကိုပို့ကြပြီ ကျွန်မတို့ ကျောင်းအုပ်ကြီးများနဲ့ ဆရာ၊ ဆရာမတွေကလည်း မိဘရဲ့ယုံကြည်မှုကို အထူးအလေးထားပြီး အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမကျန် (ဘေးရန်ဆီးကာ) သင့်ရာအပ်ပို့ဆရာတို့ ကျင့်ဘို့ဝတ်ငါးဖြာဆိုတဲ့ ဆရာ့ကျင့်ဝတ်များနဲ့အညီ ကျမတို့ရဲ့ ကျောင်းသူ၊ ကျောင်းသားများကို  ကာကွယ်စောင့်ရှောက်သွားမှာပါ။ ကျွန်မတို့ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းလာတက်တာကို မြင်ရလို့မျက်ရည်များ တောင်လည်မိပါတယ်လို့ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်မှ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျောင်းအပ်နှံပြီးသူမူလတန်း (၁၃၄၈၄) ဦး၊ အလယ်တန်း (၄၀၀၅) ဦး၊ အထက်တန်း (၉၆၈) ဦး၊ စုစုပေါင်း (၁၈၄၅၆) ဦး ရှိပြီး၊ ကျောင်းတက်ရောက်သည့် နေ့မှစ၍ အသက် (၉) နှစ်မှ အသက် (၁၂) နှစ်အတွင်း ကလေးများကို မိဘ၏ ခွင့်ပြုချက်ဖြင့် ကိုဗစ်ရောဂါ ကာကွယ်ဆေး Sinopharm ကိုထိုးပေးသွားမည်ဖြစ်ကြောင်းကိုလဲ မြို့နယ်ကျန်းမာရေးဌာနမှလည်း သတင်းရသည်။

လဲ့လဲ့