မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာ၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ လှည့်လည် ငှားရမ်းပေး

မိုင်းခုတ် ဇွန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားနှင့်အမှန်ဝေဖန် ပိုင်းခြားတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ အပတ်စဉ် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့ နံနက် ၁၀ နာရီက  နောင်တုံကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ရသစာအုပ်ပေါင်း(၂၀၀)ကို သယ်ဆောင်၍ နောင်တုံကျေးရွာအတွင်းရှိ စာဖတ်ပရိသတ်များထံမှ ယခင်အပတ် ငှားရမ်းထားသောစာအုပ်၊ စာစောင်များအပ်နှံမှုကို လက်ခံခြင်းနှင့် အသစ်ယူဆောင်လာသော  စာအုပ်၊ စာစောင်များအား ထပ်မံငှားရမ်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလ အတွင်း စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ်များအတွက်  ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များရိုက်ကူးကာ We Love Mong Khoke Facebook Page နှင့် မိုင်းခုတ်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် အပတ်စဉ် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များအား နယ်လှည့်စာကြည့်တိုက် အဖြစ်ကွင်းဆင်းကာ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)