ပိုင်ကျုံ ဇွန် ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများကာကွယ် ဆေး ရာနှုန်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသော ကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဇန်နဝါရီလ ၂၀ ရက် နေ့မှစ၍ ကျေးရွာများအရောက် ကွင်းဆင်း၍ထိုးနှံပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် ဇွန်လ ၂ ရက်နေ့တွင် ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌အသက်(၅)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ကျောင်းသား/သူစုစုပေါင်း ၁၃၀ ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှ တာဝန်ရှိ ဆရာ/မများတို့ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသားကျောင်းသူများအား အဆင်ပြေလွယ်ကူစွာ ဆေးထိုးနှံနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နော်ခူး(ပြန်/ဆက်)