၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မိုင်းခုတ်မြို့ရှိ ကျောင်းသား၊ကျောင်းသူများ ကျောင်းဖွင့်ရက် ပထမနေ့တွင် တက်ရောက်ပညာသင်ကြား

မိုင်းခုတ် ဇွန် ၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊  မိုင်းခုတ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းများစတင်ဖွင့်လှစ်ရာတွင် မိုင်းခုတ်မြို့၌  မူလတန်းကျောင်း(ခွဲ)(၆)ကျောင်း၊ မူလတန်းကျောင်း(၂၀)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁)ကျောင်း၊ အလယ်တန်းကျောင်း(၁)ကျောင်းနှင့် အထက်တန်းကျောင်း(၁)ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း ပေါင်း(၃၄)ကျောင်းရှိပြီး  အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ မေ ၂၆ ရက်မှ ဇွန် ၂ ရက်အထိ ကျောင်းအပ်နှံပြီးသူ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၉၄)ဦးရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့အတွင်းရှိ ကျောင်းသား၊ကျောင်းသူများမှာ သက်ဆိုင်ရာ မြို့ပေါ်နှင့် ရပ်ကွက်/ ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက် ပညာသင်ကြားနေပြီ ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)