ကလောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ကလော ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ဖွင့်လှစ်ရာ ကျောင်းသူ/ကျောင်းသားများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက် ရှိကြောင်း သိရသည်။

ကလောမြို့နယ်တွင် ယနေ့ဖွင့်လှစ်သောကျောင်းများမှာ အထက(၁၀)ကျောင်း၊ အထက(ခွဲ)၁၀ ကျောင်း၊ အလယ်တန်း (၁၆) ကျောင်း၊ အလယ်တန်းခွဲ(၂၁) ကျောင်း၊ မူလွန် (၃၄)ကျောင်း၊ အမက(၁၀၃)ကျောင်း၊ အမက(ခွဲ) ၇ ကျောင်း၊ စုစုပေါင်း (၂၀၁) ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁ ကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ကျော်ဝင်း(ကလော)