နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြား

နမ္မတူ ဇွန် ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံတစ်ဝန်း အခြေခံပညာစာသင်ကျောင်းများအား ယနေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၁၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၃၁)ကျောင်း စုစုပေါင်း (၅၁)ကျောင်းဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံသည့် ကျောင်းသားကျောင်းသူ (၄၀၇၃)ဦးရှိပြီး စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။

လူမော် (ပြန်/ဆက်)