ဘုတ်ပြင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများ အား ကာကွယ်ဆေးစတင်ထိုးနှံ

ဘုတ်ပြင်း  ဇွန်   ၂

တနင်္သာရီတိုင်းဒေသကြီးဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဆေးထိုးနှံပေးခြင်းကို  အထက-ဘုတ်ပြင်း ကျောင်းတွင် ယနေ့နံနက်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဆရာ/ဆရာမများက ပူးပေါင်း၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆေးထိုးနှံပေးခြင်းကို၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးရဲလင်းဦးနှင့်အဖွဲ့ဝင်များ၊ ဘုတ်ပြင်းမြို့နယ်ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးအောင်စိုးတို့က လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်()နှစ်နှင့်(၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၃၆၇၁)ဦးအား သတ်မှတ်ထားသည့် ဆေးထိုးစုရပ်ကျောင်းများတွင် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)