ကော့မှူး ဇွန် ၂
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာအခြေခံပညာကျောင်း အသီးသီးတွင် ယနေနံနက်က ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြကြောင်းသိရသည်။
အဆိုပါ ကျောင်းသား/ ကျောင်းသူများကို ဆရာ/ဆရာမများ ပညာသင်ကြားရာတွင် ယဉ်ကျေးလိမ္မာသော ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန် ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်စေရန်၊ဗလငါးတန်နှင့် ပြည့်စုံအောင် သင်ကြားပေးနေကြောင်း သိရသည်။
ကော့မှူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၈)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၃၂)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၈၀)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း(၄)ကျောင်း စုစုပေါင်း (၁၃၄)ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ(၁၄၅၈၇)ဦး တက်ရောက်သင်ကြားပေးနေကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ထို့နောက်အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ အ.ထ.က(ကော့မှူး) ကျောင်းအုပ်ဆရာမကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြသည်။
ကျော်သူရ