မြစ်ကြီးနားမြို့၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ

မြစ်ကြီးနား     မေ      ၂

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ (၂)ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်းပေးလျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အခြေခံပညာ ကျောင်းများတွင်လည်း ယနေ့ နံနက်ပိုင်းမှ အေးချမ်းပျော်ရွင်စွာစတင်ဖွင့်လှစ် သင်ကြား လျက်ရှိသည်။

မြစ်ကြီးနားမြို့တွင် အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်း ကျောင်း စုစုပေါင်း(၁၅၇)ကျောင်းတွင် မေလ (၂၆) ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်းပတ် အတွင်း ကျောင်းသား/သူ စုစုပေါင်း (၄၀၇၉၀)ကျောင်း အပ်နှံပြီးစီး၍ အေးချမ်းပျော်ရွင်စွာ လာရောက် စတင်သင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းအပ်နှံရန် ကျန်ရှိနေသည့် ကျောင်းနေအရွယ် ကျောင်းသား/ သူများအား ကျောင်းအပ်နှံနိုင်ရေး ဆက်လက် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)