မြိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မြိတ် ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အခြေခံပညာကျောင်းများအားလုံးကို ယနေ့တွင်ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းတက်ချိန်ပုံမှန်အတိုင်းဖွင့်လှစ်ကာ ကျောင်းအပ်နှံရေးရက်သတ္တပတ်ကာလတွင် ကျောင်းအပ်နှံထားကြသော ကျောင်းသား/သူ (၄၂၃၄၆) ဦးအား ကျောင်းအသီးသီးတွင် ဆရာ/မများက အထက်တန်း၊ အလယ်တန်း၊ မူလတန်း အတန်းအလိုက် ပညာသင်ကြားပေးလျက်ရှိကြသည်။

မြိတ်မြို့နယ်တွင် အထက်တန်းကျောင်း(၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၄)ကျောင်း၊ မူလတန်းကျောင်း (၇၂)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)(၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၉)ကျောင်း စုစုပေါင်း (၁၅၆)ကျောင်း ဖွင့်လှစ်လျက်ရှိပြီး ကျောင်းအပ်နှံထားကြသည့် ကျောင်းသား/သူများ ကျောင်းတက်ရောက်ပညာသင်ကြားလျက်ရှိကြကြောင်း၊ ကျောင်းတက်ရန်အဝေးရောက်နေသူ၊ ခရီးလွန်နေတဲ့သူများကို ဆက်လက်အပ်နှံကျောင်းတက်ရောက်နိုင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းများအားလုံးဖွင့်လှစ်ပြီး ကျောင်းအသီးသီးတွင် (၅)နှစ်အရွယ်ကလေးများကို KG တန်း၊ (၆)နှစ် အရွယ်ကလေးများကို Great 1 တန်း နှင့် Great 2, Great 3, Great 4, Great 5, Great 6, Great 7, Great 8, Great 10 , Great 11 တန်းများကို (သင်ရိုးသစ်)ဖြင့်လည်းကောင်း၊ Great 9 တန်းကို (သင်ရိုးဟောင်း) ဖြင့်လည်းကောင်း ကျောင်းသား/သူများအား ဆရာ/မများက ယနေ့မှစတင်ကာ ပညာရေးပြက္ခဒိန် သင်ရိုးညွှန်းတန်းအတိုင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းအသီးသီးတွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ကျောင်းတက်ရောက် ပညာသင်ကြားနေမှုအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌဦးဉာဏ်ဇော်၊ ခရိုင်ပညာရေးမှူးဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများက အထက(၁)၊ အထက(၂)နှင့် အထက(၆)ကျောင်းများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား ကျောင်းသား/သူများ ခြင်အန္တရာယ်ကင်းဝေးစေရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးဆောင်ရွက်ကြရန် လမ်းညွှန်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ်၊ ပြန်/ဆက်)