ဇမ္ဗူသီရိ ဇွန် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁) ကျောင်း၊ မူလတန်းလွန်ကျောင်း (၆) ကျောင်း၊ အမကကျောင်း (၃) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁၁) ကျောင်းတို့တွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်ပြီးသော ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၇၃၄၅)ဦး ကျောင်းအပ်နှံပြီးကြောင်း ယခင်နှစ်ကထက် (၂၃၈၂) ဦးတိုးလာကြောင်း၊ ကျောင်းဖွင့်ရက် များတွင်လည်း ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ဆက်လက်လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)