ဒဂုံအရှေ့ ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဇွန်လ (၂) ရက်နေ့တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၃၃)ကျောင်း၊ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း(၁၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၄ ကျောင်း စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာဆရာမများ ကျောင်းသားမိဘများက ကူညီ ဆောင်ရွက်ပေးနေကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)၌တစ်မြို့နယ်လုံးတွင် ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်ပြီးသော ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၈၉၁၄) ဦး ကျောင်းအပ်နှံပြီးကြောင်း ယခင်နှစ်ကထက် (၄၂၃၅) ဦးတိုးလာကြောင်း ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဝင်းအိမွန်