ဆိပ်ကြီးခနောင်တို ဇွန် ၂
ရန်ကုန် တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်။
ဆိပ်ကြီး ခနောင်တိုမြို့နယ်တွင် အခြေခံပညာ မူလတန်းကျောင်း ၁၀ ကျောင်း၊ မူလတန်းလွန် ၄ ကျောင်း၊ အထက(ခွဲ) ၂ ကျောင်းနှင့် အထကကျောင်း ၁ ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်း ၁၇ ကျောင်းရှိရာ ယနေ့အထိ မူလတန်း ၊ အလယ်တန်း၊ အထက်တန်းတို့တွင် သက်ဆိုင်ရာ ကျောင်းများအလိုက် ကျောင်းအပ်နှံပြီးစီးသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၉၆၁ ဦးရှိပြီး၊ ယနေ့ကျောင်း စဖွင့်ရက်တွင် ကျောင်းလာရောက်တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ ၄၈၄၂ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ