ကျောက်တန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင်လှစ်သင်ကြားနေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုအားပေး

ကျောက်တန်း   ဇွန်  

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ အဖွဲ့ဝင်() ဗိုလ်မှူးမျိုးသက်နောင်၊ အဖွဲ့ဝင်() ဦးစိုးမြင့်ကျော်နှင့် အဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောနိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃  ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမှတ်()အခြေခံပညာ အထက်တန်း ကျောင်းသို့ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးမှ  ကျောင်းသား၊ကျောင်းသူများ စာသင်ကြားနေမှု အခြေအနေများကို တင်ပြခဲ့ရာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

ကျောက်တန်းမြို့နယ်တွင်   အခြေခံပညာကျောင်းပေါင်း  ၁၃၂ ကျောင်း၊    ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်း၊ ကိုယ်ပိုင်ကျောင်း ကျောင်း စုစုပေါင်း ၁၃၅ ကျောင်းတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းအပ်နှံသူ မူလတန်း  (၁၃၉၅၉)ဦး၊  အလယ်တန်း (၄၅၇၅)ဦး၊ အထက်တန်း (၁၅၄၂)ဦး၊ စုစုပေါင်း (၂၀၀၇၆)ဦးရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အိသန္တာချို