တွံတေးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

တွံတေး  ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီမှ တွံတေးတစ်မြို့နယ်လုံးရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများပျော်ရွှင်စွာ ပညာသင်ယူနေကြကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် ယမန်နေ့အထိ ကျောင်းအပ်လက်ခံထားသူ မူလတန်းအဆင့်တွင် (၂၁၇၄၇)ဦး (၁၀၆.၈၆)ရာခိုင်နှုန်း၊ အလယ်တန်း အဆင့်တွင် ကျောင်းသား၊ကျောင်းသူ(၆၂၁၆)ဦး ရှိသည့်အတွက်(၇၇.၁)ရာခိုင်နှုန်းရှိကြောင်း၊၊ အထက်တန်းအဆင့်တွင် (၁၄၉၀)ဦး ရှိသည့်အတွက်(၈၆.၁၈) ရာခိုင်နှုန်းရှိရာ တစ်မြို့နယ်လုံးအနေဖြင့် ကျောင်းလာရောက်တက်သူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၉၄၅၃)ဦး တက်ရောက်သည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၁၀၃.၇၀)ရာခိုင်နှုန်း ကျောင်းလာရောက်အပ်နှံထားကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရ သည်။

တွံတေးမြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူ ကျောင်းပေါင်း(၂၁၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂) ကျောင်း၊ ဘုန်းတော်ကြီး ပညာသင်(၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်း ကျောင်း(၁)ကျောင်း၊ စာသင်ကျောင်း စုစုပေါင်း (၂၁၉ )ကျောင်းရှိကြောင်း သိရှိရသည်။

အဆိုပါ​ကျောင်အပ်နှံရာသို့ ယ​နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြို့နယ်ပညာ​ရေးမှူး ဆရာမကြီးဒေါ်ခင်မြချိုနှင့် တာဝန်ရှိသူများအဖွဲ့မှ မြို့နယ်အတွင်းရှိ​ကျောင်းများသို့ လှည့်လည်၍ ကျောင်းများဖွင့်နေမှုအား ကြည့်ရှုခဲ့​​ကြကြောင်း သိရသည်။

မျိုးလှိုင်( တွံတေး)