မလှိုင်မြို့နယ် တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်သင်ကြား

မလှိုင်  ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊မလှိုင်မြို့နယ်တွင် ၂ဝ၂၂- ၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံး ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

မလှိုင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထ.က(ခွဲ) (၂၃)ကျောင်း၊ အ.လ.က(၁၄) ကျောင်း၊ အ.လ.ကခွဲ(၆)ကျောင်း၊ မူလွန်ကျောင်း (၂ဝ)၊ အ.မ.က(၁၁၅)ကျောင်း၊ စုစုပေါင်းအ‌ခြေခံပညာ ကျောင်းပေါင်း(၁၈၆) ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၈)ကျောင်းတို့ရှိပြီး အခြေခံပညာကျောင်းများအားလုံး ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်းသိရသည်။ ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားနေမှုကို မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များက အဖွဲ့များခွဲကာ ကျောင်းများသို့ လုက်လံ ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားနိုင်‌ရေး လိုအပ်သည်များကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့်ပေါင်းစပ်ညှိနှိုင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့အပြင် မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသက်(၅)နှစ်မှ (၁၂)နှစ် အထိ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေသည့် အခြေခံပညာကျောင်း(၆) ကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ဆေးများဆက်လက်ထိုးနှံနိုင်ရေးနှင့် ကျောင်းသား/သူများမကျန်ရှိစေရေး အလေးထား ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)