ကလိန်အောင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြား

ကလိန်အောင်  ဇွန် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်း ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများအေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က(၂)ကျောင်း၊ အ.လ.က(၁)ကျောင်း၊ အ.လ.ကခွဲ(၄)ကျောင်း၊ မူလွန်ကျောင်း(၂)ကျောင်း၊ မူလတန်း(၁၀) ကျောင်း၊ စုစုပေါင်း(၁၉) ကျောင်းကိုယနေ့ ဇွန်လ(၂)ရက်နေ့တွင် စာသင်ကျောင်းများ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင်နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘ အုပ်ထိန်းသူများက လိုအပ်တာများကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးနေကြကြောင်းသိရ သည်။ ထို့ပြင် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို လည်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ခင်ခင်လဲ့(ပြန်/ဆက်)