မိုင်းယန်း ဇွန် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်း (၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၆)ကျောင်း၊ အမကကျောင်း(၁၀)ကျောင်းရှိကြောင်းနှင့် ကျောင်းအပ်နှံပြီးတက်ရောက်သူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၃၁၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
အဆိုပါခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပညာသင်ကြားရာတွင် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး