ချမ်းမြသာစည် ဇွန် ၂
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့တွင်စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်အတွင်း၌ အခြေခံပညာကျောင်း စုစုပေါင်း ၃၄ ကျောင်းရှိရာ အထက(၉ ) ကျောင်း၊ထခွဲလ (၃)ကျောင်း၊ အလကခွဲ (၄)ကျောင်း၊ မူလွန်(၅)ကျောင်း အမက(၁၃)ကျောင်း နှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆)ကျောင်းရှိပြီး ယနေ့၌ ကျောင်းများစတင်ဖွင့်လှစ် သည့်အတွက် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ယူလျက်ရှိကြသည်။
ကျောင်းများစတင်ဖွင့်လှစ်၍ အေးချမ်းစွာပညာသင်ကြားနေမှုအား တာဝန်ရှိသူများက လိုက်လံစစ်ဆေးပြီး ကြည့်ရှုပြီးလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စိမ်း၀င်း(မြို့နယ်၊ ပြန်/ဆက်)