ရှမ်းရွာသစ် ဇွန် ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် "ကျောင်းနေ အရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့"ဆောင်ပုဒ်နှင့်အညီ မြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား/သူများ အေးချမ်းစွာပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်အခြေခံပညာမူလတန်းကျောင်း(၁၂)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁)ကျောင်းနှင့် အထက်တန်းကျောင်း(၁)ကျောင်းစုစုပေါင်း (၁၇)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား/သူစုစုပေါင်း (၁၂၀၆)ဦး အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထို့ပြင်ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်း အပ်လက်ခံခြင်းလုပ်ငန်းများကိုလည်း ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)