ရှမ်းရွာသစ်မြို့တွင် စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းရွာသစ်  ဇွန်  ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ဒေသနေပြည်သူများ စိုက်ပျိုးရေးဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ စိုက်ပျိုးရေးအဆိုင်ရာအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက(Talk Show)ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဦးမြင့်မောင်က စပါးသီးနှံအထွက်တိုးစေရန် ဆောင်ရွက်ရမည့်အချက်များ၊ စပါးသီးနှံစိုက်ပျိုးချိန်တွင် တောင်သူများလိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ သစ်စိမ်းမြေဩဇာအကြောင်း သိကောင်းစရာများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအတွက် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)