နမ့်စန်(တ) ဇွန် ၂
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်စန်တပ်နယ်၏ ၂၀၂၂ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အမှတ်(၅)ကျေးရွာအုပ်စုရှိ အမှတ်(၉၃၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းအတွင်းတွင် ယနေ့နံနက် ၇ နာရီခွဲက ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်က ပျိုးပင်များပေးအပ်ခဲ့ရာ အမှတ်(၉၃၁)ထောက်/ပို့တပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ပိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုးတို့က လက်ခံရယူခဲ့ကြသည်။
ထို့နောက် ဗိုလ်မှူးချုပ် ကျော်သက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုးနှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ ရဲမေများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဌာနေပြည်သူ့စစ်အဖွဲ့များ၊ စုစုပေါင်းအင်အား(၃၀၀)ဦးခန့်က ကျွန်း ၊ ပျဉ်းကတိုး၊ တမလန်း၊ ထောပတ်၊ ပိန္နဲ၊ ဒန့်သလွန်၊ ကုက္ကိုလ်၊ ခါတော်မှီ၊ မန်ဂျန်ရှား၊ ဝါးနှင့်ထင်းရှူးပျိုးပင် စုစုပေါင်း(၁၈၄၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)