လောင်းလုံး ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ ၂ ရက်နေ့တွင် စတင် ဖွင့်လှစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသူ/သားများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက်ရှိကြောင်းသိရသည်။
လောင်းလုံးမြို့နယ်အတွင်းမှာ အခြေခံပညာကျောင်း (၄၂)ကျောင်းအား ယနေ့ ဇွန်လ၂ ရက်နေ့မှာ ကျောင်းများစတင် ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားပေါင်း(၇၃၉) ဦးတို့အား အေးချမ်းပျော်ရွှင်စွာနဲ့ တက်ရောက် ပညာသင်ယူလျက်ရှိပြီး တာဝန်ရှိသူတွေကလည်းကျောင်းတွေမှာ လိုက်လံစစ်ဆေးကြည့်ရှုပြီး လိုအပ်တာများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ကြောင်းမြို့နယ်ပညာရေးရုံးမှ သိရသည်။
ကျောင်းများစတင်ဖွင့်သည့်နေ့ဖြစ်၍ ကျောင်းသူကျောင်းသားများ၏ မိဘအုပ်ထိန်းသူများက ၎င်းတို့၏ သားသမီးကျောင်းသားကျောင်းသူများအား ကျောင်းများသို့ စောင့်ရှောက်လိုက်ပါ ပို့ဆောင်ပေးကြောင်းသိရသည်။
သိန်းသိန်း( လောင်းလုံး)