လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

လှိုင်းဘွဲ ဇွန် ၂

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ(၂)ရက်နေ့တွင် ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၆)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၂၅)ကျောင်း၊ အခြေခံ ပညာအလယ်တန်းကျောင်း(၂၅)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၂၆၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်း စုစုပေါင်း(၃၃၄)ကျောင်းရှိပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံထားမှုမှာ ဇွန်လ(၁) ရက်နေ့အထိ အထက်တန်းအဆင့် ကျောင်းသား/သူ(၁၁၉၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၆၃၅၃)ဦးနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၆၀၃၃)ဦး စုစုပေါင်း(၄၃၅၈၁)ဦး ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

စောဒိ(ပြန်/ဆက်)